(ဘီလူးကျွန်းသားလေး) နည်းပညာ

Tuesday, May 6, 2014

Post For Readers

အားလုံးပဲ မင်္ဂလာပါနော်....
အခုသားတင်မယ့် ပို့စ်ကတော့ နည်းပညာနဲ့တော့ မဆိုင်ပါဘူး၊ ဒါပေမယ့် သတင်းကို ဖတ်နေသူအားလုံးနဲ့တော့ သက်ဆိုင်ပါတယ်၊ သားကတော့ ဖုန်းစစရခြင်းကပဲ နည်းပညာ သတင်းတွေကို လေ့လာမိပါတယ်၊ သတင်းတွေကိုလည်း ဖတ်ပါတယ်၊
အစကတော့ သတင်းတွေကို ပေါ့ပေါ့လေးပဲ ဖတ်လိုက်တယ် ပြီးတော့ APk တွေ တွေ့ရင် ဒေါင်းလုပ်ဆွဲလိုက်တယ်၊ တင်တဲ့သူက ဘယ်သူမှန်းတောင် မသိရှာဘူး၊ အခု ကိုယ် ကိုယ်တိုင် ပို့စ် တင်တဲ့ သူဖြစ်မှ ပို့စ်တစ်ခုဖြစ်ဖို့ကို Upload တင်ရတာနဲ့၊ ပုံတွေထည့်ပေးရတာနဲ့ ၊ပုံမထည့်ပြန်ရင်လည်း ကြည့်မကောင်းဘူးလေ၊ ကွန်ပျူတာ သမားတွေဆိုရင်တော့ နည်းနည်းသက်သာတယ်၊ မနေ့က ပို့စ်တင်လက်စနဲ့ မီးပျက်သွားတော့ ဖုန်းကောက်ကိုင်ပြီး ဖုန်းကနေ တင်တာဗျာ. မျက်စိကို မူးနောက်သွားတာပဲ .. ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ အားကိုမရဘူး၊ အဲဒီမှာ တစ်ခုသတိထားမိတာက တစ်ချို့တစ်ချို့သော ဘလော့ဂါ တွေဆို ခရီးဝေရောက်နေတာနဲ့ ကွန်ပျူတာဆိုင်မှာ ထိုင်မယ်ဆိုရင်လည်း Hacker ရန်ကမကင်းပြန်ဘူးလေ .. ပို့စ် တင်တာကိုလည်း အပျက်မခံတော့ ဖုန်းနဲပဲ တင်ရတော့တာပေါ့... အဲလိုမျိုး ဘလော့ဂါတွေဆိုရင်တော့ ပိုပြိး နားလည်းပြီး ကိုယ်ချင်းစာသွားမိတယ်ဗျာ... ပြီးတော့ မြန်မာနိုင်ငံက အင်တာနက်လိုင်းနဲ့ Upload တင်တာပြီးတော့မဲ့ ဆဲဆဲ လိုင်းကျသွားတာ အသစ်ကပြန်စ ..၊ တစ်ခုပဲပြောချင်တာက အခမဲ့ ဆိုတဲ့နေရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ် သူငယ်ချင်းတို့ရဲ့ Comment လေးတစ်ခုဟာ ဘလော့ဂါတွေ အတွက် နောက်ဘလော့တစ်ခုရေးဖို့အားဆေးတစ်ခွက်ပါပဲ....... သားကိုပဲပြောတာမဟုတ်ဘူးနော် ဘလော့ဂါအားလုံးအတွက် ကိုယ်စားပြောတာပါ....... ဘလော့ဂါတိုင်း Readers တွေကလိုချင်တာတစ်ခုကတော့ Comment လေးပါပဲ.......။

အသက်ငယ်ပြီး၊ အတွေ့အကြုံနုသေးတာမို့ ပြောမှားဆိုမှား ရှိခဲ့ရင် ခွင့်လွှတ်ပါလို့ မေတာရပ်ခံပါရစေ.....

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ..သားကတော့ ဘီလူးကျွန်းသားလေး Okekarkyaw ပါ


                                                                 www.okkitstore.blogspot.com 


သားနဲ့ ဆက်သွယ်လိုပါက okekarkyawboyfriend@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

No comments: