(ဘီလူးကျွန်းသားလေး) နည်းပညာ

Saturday, June 14, 2014

Computer IP Address တွေကို CMD သုံးပြီးရှာကြည့်မယ်


 သည်ခေါင်းစဉ်ကိုဖတ်လိုက်တာနဲ့ကျတော်ဘာရေးမလဲဆိုတာကိုသိပြီးသူတွေလဲရှိမှာပါ..
ဒါပေမယ့်မသိသေးတဲ့လူတွေနဲ့လေ့လာချင်တဲ့သူတွေအတွက်ကျတော်ရေးပါမယ်..
cmd ဆိုတာကိုသိပါလား??? သူ့ကဘယ်လိုပုံစံလဲဆိုတာကိုရောသိပါလား၊၊

cmd ဆိုတာကိုမသိရင်တော့ရှည်သွားမှာမို့ကျတော်မရှင်းတော့ဘူး၊
နောက်တော့မှစာအုပ်တစ်အုပ်တင်ပေးလိုက်ပါ့မယ်။
သူကဘယ်လိုပုံစံရှိလဲဆိုတာတော့ကျတော်နည်းနည်းပြောပြမယ်၊
Start ကိုနှိပ်ပြီး Run box မှာ cmd လို့ရိုက်ပြီး Enter နှိပ်လိုက်ရင်အမဲရောင်ကွက်ကြီးနဲ့ box တခုပေါ်လာမယ်၊
အဲ့ဒါကို cmd(Command Prompt) လို့ခေါ်ပါတယ်။
ကဲစတော့မယ် ဘယ်ကစရမလဲအင်းးးး ဟုတ်ပြီ..website တခုရဲ့ IP address ကိုကြည့်ချင်တယ်ဗျာ၊
ဥပမာ။ ။www.google.com ပေါ့သူ့ကိုဘယ်လိုရှာရမလဲဆိုတော့ကျတော်စောစောကပြောတဲ့အတိုင်း cmd ကိုဖွင့်လိုက်ပါ။ပြီးရင်ဒီစာကိုရိုက်ထည့်လိုက်ပြီး enter နှိပ်လိုက်၊

ဒီလိုရိုက်လိုပြီဆိုရင်စာတန်းတွေကျလာမယ်၊အဲ့ဒါကိုမြင်ပြီးမကြောက်သွားပါနဲ့:P
(ကျတော့်လိုဘာမှမတတ်တဲ့လူဆိုရင်ပြောတာပါ)
 အဲ့ဒီမှာအနီနဲ့ဝိုင်းပြထားတဲ့ကောင်က google.com ရဲ့ IP ပါပဲဗျာ။သူ့ကိုသိပြီးတော့ဘာလုပ်လို့ရလဲလို့တော့မမေးပါနဲ့လုပ်လို့ရတာအများကြီးရှိတယ်၊
ကျတော်တခုပဲပြောပြမယ် ကျတော်တို့ကိုအရင်ကဆိုရင်ပိတ်ထားတဲ့ဆိုဒ်တွေအများကြီးရှိတယ်မဟုတ်လား၊
အဲ့ဒီဆိုဒ်တွေကိုနာမည်နဲ့မသုံးပဲနဲ့ ip နဲ့ကျော်ကြည့်လို့ရတယ်။

နောက်တခုကျတော်ပြောမှာက LAN network(ဥပမာ။ ။အင်တာနက်ဆိုင်လိုမျိုး)
 မှာကိုယ်သိချင်တဲ့စက်ရဲ့ ip ကိုရှာတာပါပဲ..ဘာဖြစ်လို့ရှာမလဲ???ရှာပြီးရင်ရောဘာလုပ်မှာလဲ???
ဒါကကိုယ့်ရဲ့ကိုယ်ကျင့်တရားပိုင်းနဲ့ဆိုင်ပါတယ် သူများကိုဒုက္ဒပေးချင်တယ်ဆိုရင်တော့မကောင်းဘူးပေါ့
ကျတော်ကတော့အားလုံးသိရအောင်လို့ပြောပြတာပဲကိုယ်ချင်းစာနာစိတ်လေးမွေးကြပါလို့တော့
ပြောချင်ပါတယ်..ဒါပေမယ့်လဲကိုယ့်စိတ်ကိုအနှောင့်အယှက်ပေးနေပြီဆိုရင်တော့သဘောပေါ့၊
ကဲစလိုက်ရအောင်အရင်ဆုံး cmd မှာဒီစာကိုရိုက်ပါ

သူ့ကိုရိုက်ပြီး enter နှိပ်လိုက်ရင်ဒီလိုလေးမြင်လာမယ်
 အဲ့ဒီမှာလောလောဆယ်ပွင့်နေတဲ့စက်တွေရဲ့နာမည်တွေပေါ်နေတာတွေ့လား PC10,PC4 တို့စတာတွေလေ
အင်းဟုတ်ပြီကျတော်အခု PC10 ရဲ့ ip ကိုသိချင်တယ်..ထပ်ပြီးတော့ဒီစာကိုရိုက်ပြီး enter နှိပ်လိုက်
ဒါဆိုရင်ကျတော့်စက်မှာတော့ဒီလိုလာမြင်တယ်..

 အဲ့ဒါ ip အစစ်တော့မဟုတ်ဘူးပေါ့  ဒါပေမယ့် ip အနေနဲ့သုံးလို့ရပါတယ်၊တချို့စက်တွေမှာကတော့
အဲ့လိုမပေါ်ဘူး 192.168.ဘာညာကွိကွဆိုပြီးပေါ်ပါတယ်၊
ဘာတွေလုပ်လဲဆိုတာတော့နောက်တော့မှတိုးတိုးလေးပြောပြမယ်နော်၊မတတ်တဲ့သူတွေကိုပြောတာပါ၊
တတ်ရင်တော့ကျတော့်ကိုဝေဖန်ပါဦး။
Post by ဘုန်းပြည့်

အဆင်ပြေပါစေ..


Minokekar (ဘီလူးကျွန်းသားလေး) (1)
Minokekar (ဘီလူးကျွန်းသားလေး) (2)
ဘုန်းပြည့်




Download : ( )MB
Solidfiles

Zippyshare





Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်....
 သားနဲ့ ဆက်သွယ်လိုပါက okekarkyawboyfriend@gmail.com သို့  ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ



No comments: