(ဘီလူးကျွန်းသားလေး) နည်းပညာ

Wednesday, August 6, 2014

မေ​မေထံသို့ ( ၂ )


index

မေ​မေ ​လောကကြီးဟာ အတုံအလှည့်​ရှိတယ်​ဆို​ပေမယ့်
သားအတွက်​​တော့ မဟုတ်​လောက်​ဘူး
ထင်​တယ်​ ​မေ​မေ
အောင်​မြင်​မှု၊ ချီးကျူးခံရမှု​တွေက
သား အနားကို မလာဝံ့ကြဘူးနဲ့တူတယ်
ကျရှုံးမှု​တွေ၊ အထင်​မြင်​​သေးခံရမှု​တွေ
အပြစ်​တင်​ငြူဆူခြင်း​တွေကပဲ
သားအနားမှာ ၀န်းရံ​နေကြတယ်​ ​မေ​မေ။

သားရဲ့ ​စေတနာ​တွေက ​ဝေဒနာ​​ပင်​​တွေ​အဖြစ်​​ပေါက်
ပွား
အထင်​​သေးတဲ့ မျက်​၀န်း​တွေက ရိပ်​သိမ်းသွားကြတယ်​ ​မေ​မေ
အပင်​​တစ်ပင်​​ပေါက်ဖို့ရာမှာ
စိုက်​သူက အဓိကကျ​ပေမယ့်
မျိုး​စေ့က မမှန်​​လေ​တော့
ပန်းမပွင့်​တဲ့အပြစ်​ကို သားကိုပဲ ပုံချသွားကြတယ်​ ​မေ​မေ
အချိန်​​မြေသြဇာ​တွေနဲ့ ​​စေတနာ​ရေ​တွေပဲ
အလကားကုန်​ခဲ့ရတယ်​ ​မေ​မေ
နောက်​ဆုံး​တော့လည်း " အသုံးကိုမကျဘူး "
ဆိုတဲ့ စကား​လေးကိုပဲ ထမ်းပိုးလို့
မေ​မေ့ဆီကိုပဲ သား​ ခြေကုန်​လက်​ပန်းကျပြီး
ပြန်​ခဲ့ရတယ်​ ​မေ​မေ ။
 
Admin.....ရေနီသားဖြိုးလေး
Gmail...yenihackerlay@gmail.com
Facebook Name...B Black Ruby



Download; (  ) MB

Zippyshare 
Solidfiles
Speedshare




အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................

No comments: