(ဘီလူးကျွန်းသားလေး) နည်းပညာ

Tuesday, September 9, 2014

ငုတ်တုပ်ထိုင်ပြောမယ်ဆိုရင် လွယ်တာတော့မလွယ်





သူငယ်ချင်း မင်းစဉ်းစားကြည့်
အမြည်းပွဲလို့ဆိုရင်လည်းများလှ
ရဲ့
ဟင်းစားလို့ဆိုရင်လည်းထပ်ထည့်ဦးကွာ
မစို့မပို့ မလောက်မငှ ---ငါတို့မှာ
ဝါးလုံးခေါင်းထဲဆင်ဝင်တိုးရသလို
ခေါင်းလည်းမဝင်တော့ကိုယ်မဆန့်ဘူးပေါ့
ဘယ်လောက်များတဲ့စီမံကိန်း
စက်ယန္တရားချိန်းကြိုးဖိုးတောင်တို့အတွက်
မကျန်ခဲ့
ဖောက်လိုက်ကြတဲ့လမ်း
တစ်နိုင်ငံလုံးကွန်ယက်ဖွဲ့မယ်ဆိုလား
ဘယ်သူတွေပြန်ဆင်းကြည့်ကြသလဲ
လိုအပ်သည်များကိုမှာစားသွားတာပဲမဟုတ်လား
ကျန်ခဲ့တဲ့ပန်းကန်စုတ် ခွက်စုတ်နဲ့
ငါတို့အချင်းချင်း ခွက်စောင်းခုတ်ကြတယ်
အောက်ဆိုဒ်အမျိုးမျိုးနဲ့
ငါတို့သိပ်ဟုတ်ခဲ့ကြသပေါ့ကွာ
မင်းပြောတော့ ငါမနာသလို
ပြောရတာလည်းဘာကောင်းသလဲ
အစိုးရပြောင်းသလိုခေတ်ကြီးပြောင်းလို့လား
မူလည်းမပြင်သလိုလူကရောအရင်အတိုင်း
အစိုးရကိုယ်တိုင်ကသူ့ကိုယ်သူအစိုးမရ
ဒီလှေအစုတ်နဲ့ဒီလှိုင်းအပုတ်မှာ
နှစ်၆၀ကျော်မြုပ်လာ
ငါတို့ခေတ်က အဲဒါပဲ
သူရဲကောင်းတွေကျိန်စာသင့်တဲ့မြေ
သူရဲကောင်းဆိုတာ
ငါတို့အတွက်အဖြေတစ်ခုမဟုတ်တော့
မတူတာတွေပေါင်းစပ်ကြမယ်လို့ပြောခဲ့တဲ့
အဲဒီပါးစပ်တွေကရော
နောက်ပြန်မလှည့်ပါဘူးဆိုတဲ့တဇွတ်ထိုးသမားတွေရော
လွှတ်တော်ကြီးသက်တမ်းကုန်ခါနီးလာတော့
ပြည်သူကိုဘာနဲ့ချော့ဦးမယ်ထင်သလဲ
လာပြီ ပါတီတွေက ခနော်ခနဲ့
ပါတီဝင်အင်အားချဲ့သလောက်
ပါတီဝင်အရည်အချင်းကမှတ်ကျောက်မတင်
ပခန်းကြေးစည် ''မထင် ''မြည်သတဲ့---
ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ကြည့်တော့
ခေါဘဏီတပ်ကြီးမပါဘဲ
မြို့တံခါးတွေဖွင့်ပေးလိုက်ရတာ
သေနတ်တစ်ချက်မှ မဖောက်ဘဲ
ငါတို့မြေတွေပျောက်ပျောက်သွားတာ
ပေါချောင်ကောင်း သူခိုးဈေးနဲ့
ငါတို့သယံဇာတတွေထိုးပေးလိုက်ရတာ
အခွံသာကျန်တော့တဲ့ ခြစားအိမ်ကြီးကို
အမွေဝိုင်းလုကြရမယ့်ပုံ
၂၀၁၅ကို ငါတို့သရဏဂုံသာတင်စို့ရဲ့
ငါတို့ရဲ့မဲတွေ မည်းဦးတော့မယ်
အားကိုးစရာလည်းမရှိပါဘုရားလို့သာ
ညတိုင်းမြည်တမ်းရချည့်
ငါတို့တည်ဆောက်မယ်ဆိုတဲ့နိုင်ငံတော်
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲမဆိုနဲ့
ပုဂံဘုရားတွေလိုမပြိုအောင်ဘဲတ'ရပြီ
သူတို့ခွင်ရိုက်ထားတာက
ဘ'နှဖူးကို သိုက်တူးမှာမဟုတ်ဘူး
ခေါင်းဖြုတ် ရောင်းစားသွားကြမှာသူငယ်ချင်း။
 
Writer....မောင်သော်တာ
Admin....Yenitharphyolay
Gmail...yenihackerlay@gmail.com
Facebook Name...B Black Ruby
Download; (  ) MB

Zippyshare 
Solidfiles
Speedshare




အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................

No comments: