(ဘီလူးကျွန်းသားလေး) နည်းပညာ

Tuesday, September 2, 2014

Right Click နှိပ်မရတဲ့ Site တွေကိုရအောင်လုပ်နည်း

တချို့ဆိုဒ်တွေမှာ Right click နှိပ်ခွင့်မပေးတာကိုကြုံဖူးကြမယ်ထင်ပါတယ်
အဲ့ဒီဆိုဒ်တွေကို Right click နှိပ်လို့ရအောင်လုပ်ရအောင်
နည်းလမ်းကတော့အမျာကြီးရှိပါတယ် အများစုကတော့ Save page လုပ်လိုက်တာများပါတယ်။
နောက်ပြီး Copy နဲ့လုပ်တာတွေလဲရှိပါတယ်။လွယ်သလိုပေါ့နော်..
ကျတော်ကတော့အခုအဲ့လိုနည်းတခုမှမဟုတ်ပါဘူး အများအားဖြင့် Right Click နှိပ်လို့မရအောင်လုပ်တာဟာသူ့ရဲ့ Site မှာ JavaScript ထည့်လိုက်လို့ပါပဲ...
တခြားနည်းလဲရှိရင်ရှိမှာပေါ့ကျတော်လဲမသိဘူးလေ
အဲ့ဒီတော့သူထည့်ထားတဲ့ JavaScript ကိုကိုယ့် Browser မှာသုံးခွင့်မပြုလိုက်ရင်မဖြစ်တော့ဘူးပေါ့:P
လွယ်တယ်ဟုတ်...ဟဲဟဲ
ပိတ်တာကလဲလွယ်ပါတယ်ကျတော် Browser တခုချင်းစီနဲ့ပြပါမယ်...

Mozilla Firefox မှာဆိုရင်

Menu bar က Tools ---> Options ဆီကိုတဆင့်ချင်းသွားလိုက်ပါ၊ Content ထဲက
Enable JavaScript ကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပြီး OK ကိုနှိပ်လိုက်ရင်ရပါပြီ။


Firefox Content Options

Google Chrome မှာဆိုရင်

Menu ထဲက Setting ကိုနှိပ်လိုက်ရင် နောက်စာမျက်နှာတခုကိုရောက်သွားမယ်၊
အဲ့ဒီမှာ အောက်ဆုံးက Show advanced settings... ဆိုတာကိုထပ်နှိပ်ရင် Privacy ကိုတွေ့ပါမယ်
သူ့အောက်က Content Setting... ကိုနှိပ်ပြီး JavaScript မှာ Do not allow any site to run JavaScript
ဆိုတာကိုအမှန်ခြစ်ပေးပြီး OK နှိပ်လိုက်ရင် Right Click နှိပ်လို့ရသွားပါပြီ။
ကျတော်တို့မြန်မာနိုင်ငံမှာလဲ Browser ဆိုလို့ဒီနှစ်ခုပဲအသုံးများလို့ဒီနှစ်ကိုပဲတင်ပေးလိုက်ရပါတယ်။
လုပ်ပုံလုပ်နည်းကတော့သိပ်မကွားလှပါဘူးတူတူလောက်ပါပဲ။

Chrome Content Settings

ပို့စ်ရေးသားသူ = ဘုန်းပြည့်(မော်လမြိုင်)

Download; (  ) MB

Zippyshare 
Solidfiles
Speedshare




အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................

No comments: