၁
ချစ်ရတဲ့ ကောင်မလေးရယ်
ကိုယ်တို့နှစ်ယောက်
ကောင်းကင်နဲ့မြေကြီးလို
ပေါင်းစပ်လို့မရင်တောင်
အဲဒီနှစ်ခုလို
မျက်နှာချင်းဆိုင်လေးဖြစ်ချင်တယ်
၂
မင်း ရုပ်တည်နေတဲ့ပုံစံကိုလည်း
ချစ်တယ်
စိတ်ဆိုးနေရင်/ရှက်နေရင်လည်း
ချစ်တယ်
ရယ်နေရင်/ပြုံးနေရင်လည်း
ချစ်တယ်
ချစ်ရတဲ့ ကောင်မလေးရယ်
မင်းဘယ်လိုနေနေ
ဘာလုပ်လုပ်
ငါချစ်တယ်
၃
ချစ်ရတဲ့ ကောင်မလေးရယ်
ငါ့ရဲ့ စစ်မှန်တဲ့
ချစ်ခြင်းတွေကို
မင်းရင်ထဲမှာ
ထာဝရသိမ်းထားလိုက်ပါနော်
အမုန်းဆိုတဲ့ virus မပါလို့
ယုံယုံကြည်ကြည်လက်ခံပေးပါ
၎
ကောင်မလေးရယ်
အရမ်းချစ်မိလို့ ခံစားရလည်းငါ့ကံပါ
မင်းရင်ထဲမှာ
vicitor များနေရင်တောင်
admin လေးတော့ဖြစ်ခွင့်ရချင်ပါတယ်
khunmyowai(ရွှေညောင်)
ကျွန်တော့်တို့ တင်သမျှပို့စ်နဲ့ ဆွေးနွေးဝေဖန်အကြံပြုလိုသူများရှိရင် Facebook မှာ Group ထောင်ထားပါတယ်ခင်ဗျာ..........
Group Name >>> Min Oke Kar(ဘီလူးကျွန်းသားလေး)
https://www.facebook.com/groups/820150101390744/
No comments:
Post a Comment