ပုခုံးချင်းယှဉ်..
မသိစိတ်၊ သိစိတ် ဒွန်တွဲ
အယူအဆမတူလို့ အတွေးခါးသွားရင်တောင်
နှလုံးသားထဲက ရင်ဘတ်ကမ်းခြေမှာ ခရုကောက်တော့ မပြတ်စေချင်ဘူး ….
လက်တွေနဲ့ စိတ်ကူးဆိုတာ…
ဘီးတပ်ပြီး လိမ့်ချနေရတဲ့ ဘဝတွေလိုတော့
သက်တောင့်သက်သာ မရှိတော့
ဒဏ္ဍာရီ စာအုပ်တိုင်း .. မှော်ဝင် စာအုပ်ဖြစ်မလာနိုင်ဘူး
အနုပညာဆိုတာ…
အတက်ခက် အဆင်းခက်တဲ့ ခောတ်မှာ
အန်ထုတ်လိုက်ရတဲ့ သွေးတစက်လို…
ရှားပါးပစ္စည်းတော့ ဖြစ်စေချင်တယ်
အလေအလွင့် ဆိုရင်တောင်
ခရေ တပွင့်လို နေရာ ရစေချင်တယ်..
ကန့်လန့်ကာထားတဲ့ နည်းလမ်းဆိုတာ
ဖောက်ထွက်ချင်သူအတွက်တော့ ..လက်နက်မလိုပါဘူး…
စစ်မှန်တဲ့ သရုပ်ကို ပြဒါးမသုတ်မိဖို့ပဲလိုတယ်…
နှုတ်ဖျားပေါ်က ဗိုင်းရပ်စ်တွေအတွက်
သီအိုရီတွေ ခဏခဏ မရွတ်နဲ့ … သူတို့တွေက
သင်ရိုးညွန်းတမ်း ဆိုတာကို အာဂုံဆောင်ထားတက်ကြတာ…
ရှုပ်ထွေးနေတဲ့ လမ်းကိုမရှင်းဘဲ ဖောက်ထွက်
တစ်နေ့တော့ ကိုယ်ပိုင်လမ်းဆိုတာ ရှိကိုရှိရမယ်
မထူးဇာတ်တွေထဲမှာ မင်းသားလုပ်
အိပ်ယာဝင်တေး ဆိုရုံလောက်နဲ့တော့
အမောဖောက်မှာနဲ့ ရေငတ်တာပဲ အဖတ်တင်မယ်…
အဆိပ်မသင့်အောင်ရှောင် အချိုးအကွေ့နဲ့
ဖြတ်လမ်းတွေ သတိထားရင် အမှောင်မှာတောင်
ထွင်းဖောက်မြင်နိုင်မယ်..မီးကုန်ယမ်းကုန် တောင်ပံတစ်သိုက်နဲ့
ဝဲချင်ရာဝဲ.. လွင့်ချင်သလိုလွင့်…အရောင်စုံကာလာဖြည့်..
ကိုယ်တိုင်ရေး ရာဇဝင်မှာ သမိုင်းကြောင်းတွင်စေရမယ်..
ယုံကြည်မှု အလိုက်စိုက်ပျိုး
အခြေအနေအရ ရုန်းကန်
ပန်းတို့ပွင့်တဲ့မြေဟာ အမြဲတမ်းမွနေကြရမယ်
ရေခံ၊မြေခံကောင်းဖို့၊ ရေလိုက်ငါးလိုက် နေစရာမလိုဘူး
ယုံကြည်ရာပေါ်မှာ သစ္စာရှိဖို့ပဲလိုတယ်။
ကဗျာရေးသားသူ---အိန်ဂျယ်လှိုင်
blog website---Myanmar Online Kabyars
ကဗျာတင်ခွင့်ပေးတဲ့ မမအိန်ဂျယ်လှိုင်ကို ကျေးဇူးပါ ခင်ဗျာ
Download : ( ) MB
Solidfiles
Zippyshare
Speedshare
အဆင်ပြေပါစေ........
Min Oke Kar (ဘီလူးကျွန်းသားလေး)
ကျွန်တော့်တို့ တင်သမျှပို့စ်နဲ့ပတ်သက်ပြီး
ဆွေးနွေးဝေဖန်အကြံပြုလိုသူများရှိရင်
Facebook မှာ Group ထောင်ထားပါတယ်ခင်ဗျာ..........
Group Name
Min Oke Kar(ဘီလူးကျွန်းသားလေး)
Min Oke Kar(ဘီလူးကျွန်းသားလေး)
No comments:
Post a Comment