အပြင်မှာမတွေ့ပဲ Onlineပေါ်တွေ့ကြိုက်တဲ့
ချစ်သူတွေမှာ စိုးရိမ်ပူပန်မှုတွေနဲ့သောကတွေ
ကိုယ်ဆီ ရှိတတ်ကြပါတယ်…………
တခါတလေကျရင် ကိုယ်ကလဲအရမ်းလွမ်းပြီး
စကားပြောချင်တဲ့အခါ ကိုယ်တတ်လာရင်
သူကအထွက်ပြ သူတတ်လာရင် ကိုယ်က
အထွက်ပြ လိုင်းပေါ်မှာ နှစ်ယောက်လုံး
Active now ဖြစ်နေရင် ကိုယ်ပို့လိုက်တဲ့
စာပြန်မလာရင် Typing မပေါ်ရင် ဘယ်သူနဲ့
ချက်နေပြန်လဲ အတွေးတွေဝင် တာအမောပဲ
တယောက်က သူကို စာလေးတွေ Taggလို့
တဖက်လူကို ခင်ချင်သလိုနဲ့ သူနဲ့ ဘယ်လို
ပတ်သက်လဲမေးရပြန်တယ် သူများ Photo
လှလှလေးတွေမှာ အပြန်အလှန် စနောက်မန့်
တာတွေ့လို့ ကြည့်လိုက်ပြန်ရင်လဲ သူတို့က
ဘယ်လိုပတ်သက်လဲ သဝန်တိုစိတ် အတွေး
ထပ်ဆင့်ထပ်ဆင့် ဝင်လာပြန်ရတာ ခဏဏ
တခါတလေ ချစ်သူတွေ စိတ်ကောက်ပြန်ရင်
အပြင်မှာလို စကားကို ချွဲနွဲ့စွာပြောကာ
လက်လေးကိုညင်သာစွာကိုင်ပြီး
နဲနဲချော့လိုက်ရင် ပြေသွားမယ်ဆိုတာ သိပေမဲ့
ကိုယ်တွေကအပြင်မှာမဟုတ်တော့
Online တတ်လာမဲ့ အချိန်လေးစောင့်ပြီး
စိတ်ရှည်ရှည်နဲ့ ချော့ရတာ အမောဖြစ်ပြီး
သူကိုယ်စာလေးတွေဖတ်ပြီး စိတ်ဆိုးပြေရဲ့လား
ပြန်စာလာပါ့မလား တွေးပြီး စောင့်ရတာအမောပဲ
အကယ်၍ ချစ်သူ အန္တရာယ်တခုဖြစ်တာပဲဖြစ်"
နေမကောင်းတာပဲ ဖြစ်ဖြစ် ဘေးကနား
အားပေးစကားတွေ ပြောချင်နေပေမဲ့
လေလိုင်းပေါ်ကနေ စိတ်ပူတဲ့အသံတွေနဲ့
အားပေးရတယ် သူမမြင်ကွယ်ရာမှာ မြန်မြန်
သက်သာပါစေ လို့ ကြိတ်ဆုတောင်းရတာလဲ
ချစ်သူဘဝမှာ မမေ့နိုင်စရာနေ့လေးတွေပါ
တကယ်တော့ အဝေးကချစ်သူတွေက
ဘယ်လောက်ပဲ လူချင်းမတွေ့ရရင် နေပါစေ
အမှတ်တမဲ့ လေးတွေက အမှတ်တရလေးတွေ
ဖြစ်လာတဲ့အခါ ပင်ပန်းမှုတွေမမြင်တော့ပဲ
ကြည်နူးပြီး ချစ်နေရတာလေးကို ပီတိဖြစ်နေမိတယ်
ကဗျာရေးသားသူ---Sky
blog website---Myanmar Online Kabyars
မြန်မာအွန်လိုင်းကဗျာ များကို facebook မှ အားပေးချင်တယ်ဆိုwww.facebook.com/myanmaronlinekabyars ကို နှိပ်ပြီး like လုပ်ထားလိုက်ပါ အသစ်တင်တိုင်း ကဗျာများကို အားပေးနိုင်ပါတယ် ကဗျာဖတ်ခြင်းဖြင့် သူငယ်ချင်းရင်ကို ကြည်နူးစေနိုင်မယ်လို့မျော်လင့်မိပါတယ် သူငယ်ချင်းကိုယ်တိုင် Myanmar Online Kabyars တွင် ကဗျာ တင်နိုင်ပါပြီ khunmyowai.tgi@gmail.co
Download : ( ) MB
Solidfiles
Zippyshare
Speedshare
အဆင်ပြေပါစေ........
Min Oke Kar (ဘီလူးကျွန်းသားလေး)
ကျွန်တော့်တို့ တင်သမျှပို့စ်နဲ့ပတ်သက်ပြီး
ဆွေးနွေးဝေဖန်အကြံပြုလိုသူများရှိရင်
Facebook မှာ Group ထောင်ထားပါတယ်ခင်ဗျာ..........
Group Name
Min Oke Kar(ဘီလူးကျွန်းသားလေး)
Min Oke Kar(ဘီလူးကျွန်းသားလေး)
No comments:
Post a Comment