“စေတနာ Mobile Service & Accessories ”
နံနက် (၈)
နာရီခန့် …… ။
မိုးလင်းလို့
ဆိုင်ဖွင့် ပြီဆိုတာနဲ့ … ဆိုင်ရှေ့မှာ … ဖုန်း ပြင်ဖို့ Customer တွေ က အဆင်သင့် စောင့်နေလေပြီ
။
ဆိုင်ခန်း
တံခါး ကို ဖွင့်လိုက် သည်နှင့် ……. ။
“ဖုန်း လေး
တစ်ချက်လောက် ပြချင်လို့ပါ …… ” ဆိုတဲ့ အသံလေး နဲ့ …..
“ဟုတ်…. ပြကြည့်ပါဦး
ခင်ဗျ…. ”
“ဟုတ်ကဲ့
.. ကျွန်တော့် ဖုန်း (Huawei G610-U00) လေး ၀ယ်ထားတာ သိပ်မကြာသေးပါဘူးးး …ဒါပေမဲ့
ခု … Huawei ဆိုတဲ့ logo မှာ တင် ရပ်ပြီးးး ဆက်မတက်တော့ဘူး ဗျ…. ။ ”
“ဟုတ်ကဲ့
... တစ်ခါတစ်လေ Huawei ဖုန်း တွေမှာ Software တွေ ညိပြီး အဲ့လို ပြန်မတက်တာတွေ ဖြစ်တတ်တယ်
ခင်ဗျ …. ကျွန်တော်တို့ အဲ့ဒါကို Firmware ပြန်ရေးမှတော့ ရလိမ့်မယ် ဗျ…. ။
Firmware ပြန်ရေးးး ၊ မြန်မာဖောင့် ထည့် ၊ Game , Application ထည့် နဲ့ဆို အားလုံး
၇၀၀၀ လောက်တော့ ကျလိမ့်မယ် …. ….. ”
“ဖုန်း ထဲက
အရေးကြီးတဲ့ ဒေတာတွေ အားလုံး ပျက်ပါလိမ့်မယ် ….”
“ဟုတ်ကဲ့
… ရပါတယ် … ။ အဲ့ဒါဆို ဘယ်တော့လောက် ရမလဲ မသိဘူး ဗျ… ”
“အဆင်ပြေတယ်ဆိုရင်
.. ညနေလောက်မှ တစ်ချက် လာယူပေးပါ ခင်ဗျာ … ။ ကျွန်တော် ဘောင်ချာ လေး ရေးပေးလိုက်ပါ့မယ်
….. ”
“အဲ့ဒါဆိုလည်းး
ညနေ မှပဲ အေးဆေး လာယူပါ့မယ် .. ဘောင်ချာလေး ရေးပေးလိုက်ပါ ဗျာ …. ”
……………………………………………………………………………………………………………………
Huawei
610 လေး Service ပြုလုပ်နေရင်းးး
“သားးးး စည်သူ
…. ”
ခေါ်သံကြောင့်
ကြည့်လိုက်တော့ ……
“ဟာ … အန်တီ
ချို ….. .. ဟုတ် .. ဘယ်လာတာလဲ .. အန်တီ …. ”
“အေးး ကွယ်
… မနက်ပိုင်း ဈေးဝယ် ထွက်လာရင်းးးး အန်တီ့ဖုန်း ကွာ လိုင်းမတက်တော့လို့ … အဲ့ဒါ ပြကြည့်ချင်လို့
…. လိုက်ရှာနေတာ … ဒီဆိုင်လေး က အသစ် ဆိုတော့ .. ၀င်လာတာ … အော် .. မင်း ဖွင့်ထားတာလားးးး”
“ဟုတ်တယ်
… အန်တီ … သား လည်းးး သင်တန်းလေး တက်ပြီးတာနဲ့ …. ဆိုင်လေး တစ်ဆိုင် ခုလို ဖွင့်လိုက်တာပဲ
…. ဒါနဲ့ …အန်တီ … နွေးနွေးရော …. ။ သားနဲ့ မတွေ့တာတောင် တော်တော်ကြာသွားပြီ …”
“ခု သူ ဘာလုပ်နေလဲ
…. ။ ”
“အေးကွယ်
.. မင်းသူငယ်ချင်း ကတော့ .. လောလောဆယ် … အေးအေးဆေးဆေးပဲ အိမ်မှာလေ .. ဘွဲ့ရပြီး ကတည်းက
ခု ထိ ဘာမှ ကို မယ်မယ် ရရ မလုပ်သေးဘူးးး …. ။ အန်တီ လည်း စကား အများကြီး မပြောချင်တာနဲ့
ဒီအထိုင်း ဘာမှ မပြောပဲ လွှတ်ထားတာ …. ။ ဒါပေမဲ့ … သူက …ဖုန်း နဲ့ ပတ်သတ်ပြီးတော့ နည်းနည်း စိတ်ဝင်စားတယ် …. သား ရဲ့ …. ။ ”
“အော် ..
ဟုတ်လားး အဲ့ဒါဆို လည်း သားဆီ လာခဲ့ပါဦးလို့ …. .. ဒါနဲ့ အန်တီ့ .. ဖုန်းက ဘာဖြစ်တာလဲ
…… ”
“အေးး သားရယ်
… ဒီမှာလေ .. Coolpad 7060 လေး … ဈေးနှုန်း ကလည်းး သုံးသောင်းကျော် … အော်ရီဒူး ကတ် တစ်ကတ် လည်း လက်ဆောင် ရတော့ ၀ယ်သုံးထားတာ
.. သိပ်တောင် မကြာသေးပါဘူးးး အဲ့ဒါ ညကမှ … လိုင်း ပျောက်သွားပြီးး .. ဒီမနက် ခေါ်လို့
မရတော့ဘူးးး …. ။ အဲ့ဒါ တစ်ချက်လောက် ကြည့်ပေးပါဦးး … ။ ”
“ဟုတ်တယ်
… အန်တီ ရေ …. ။ Coolpad 7060 အဲ့ကောင် လေး
ဈေးကတော့ တန်ပါတယ် … ။ ဒါပေမဲ့ အဲ့လိုမျိုး Error တွေ အရမ်း များတယ် ….. လာလိုက်ရင်
.. အဲ့ဖုန်း ချည်းပဲ …. ”
“ပြန် လုပ်ရတာတော့
လွယ်ပါတယ် … ။ ဒါပေမဲ့ Customer တွေ ဘက်ကတော့ စိတ် နည်းနည်း အနှောင့် အယှက် ဖြစ်တာပေါ့
…… ဟုတ်ကဲ့ .. ဖုန်း လေး တစ်ချက်လောက် … ပေးပါဦးး အန်တီ … ”
“ရော့ … သားးး
ဒီမှာ …. ”
…………………………………………………………………………………………………………………………………….
ကွန်ပျူတာကို
ဖွင့်ပြီး လိုအပ်တဲ့ ပြင်ဆင်မှု တွေ ပြုလုပ်လိုက်သည် …. ။ အချိန် ဆယ်မိနစ် ၀န်းကျင်လောက်တော့
ရှိမည် ….. ။
“ဟုတ်ကဲ့
… အန်တီ … တစ်ချက် ဖုန်း ခေါ်ကြည့်ပါဦးးး
…. ”
“ 09……….
ဟဲ့ …သမီးး မထ သေးဘူး လား ခု ချိန်ထိ …. အခု
သမီး သူငယ်ချင်း စည်သူ တို့ဆိုင် ရောက်နေတာ … ဈေး ထဲလာရင်း တွေ့တာ ….. ………….. ”
“အဆင်ပြေသွားပြီ
… မောင်စည်သူရေ ……အန်တီ ဘယ်လောက် ပေးရမလဲ …. ”
“အော် ..
ရပါတယ် အန်တီ ရယ် .. ပေးစရာ မလိုပါဘူးးးး …. ဒါနဲ့စောစောစီးစီး ဘာမှ မစားရသေးဘူး မလားးး
တစ်ခုခု စားသွားပါဦးး သား မှာပေးမယ် … ”
“အမယ်လေး
မောင်စည်သူ ရယ် ….။ ဖုန်း လာပြင်တာ ပိုက်ဆံ တစ်ပြားမှ မပေးရတဲ့ အပြင် မုန့်တောင် ထပ်ကျွေးနေသေးတယ်
… ။ ရပါတယ် ကွယ် .. မစားတော့ပါဘူးးး …. ”
“မလုပ်ပါနဲ့
အန်တီရယ် … တစ်ခုခု စားပြီးမှပဲ ပြန်ပါတော့ … အားတယ်မလားးး သား တစ်ခုခု သွားမှာ လိုက်မယ်
… ခဏစောင့် အန်တီ ….. ”
လက်ဖက်ရည်
နှင့် မုန့် များ ရောက်လာပြီးးး စားသောက်နေခိုက် …. ။
Customer
တစ်ယောက် ၀င်လာပြီးးး
“ဖုန်း မှန်လေး
လဲ ချင်လို့ပါ ခင်ဗျာ …. ။ ”
“ဟုတ်ကဲ့
.. ဘာ Model လည်း မသိဘူး ခင်ဗျ…. ။ ”
“Huawei
G730 ပါ ခင်ဗျာ … ။ ”
“အော် ..ဟုတ်ကဲ့
.. အဲ့ကောင်လေး ဆိုရင်တော့ … ပစ္စည်းဖိုး လက်ခ အားလုံး အပြီးအစီးးး တစ်သောင်း ခွဲလောက်
ကျပါလိမ့်မယ် ခင်ဗျာ …. ။ ”
“အဲ့ဒါဆို
အားလုံး ကောင်းသွားမှာလားးး ဈေးလေး နည်းနည်းလောက် လျော့ပါဦးလား …. ”
“ဟုတ်ကဲ့ပါ
… အကို ရေ …. သူ့ ပစ္စည်းဖိုး က အနည်းဆုံးးး ၁၀၀၀၀ ၀န်းကျင် နဲ့ ၁၀၀၀၀ ကျော်လောက် ပေးရပါတယ်
ခင်ဗျာ … ။ ကျွန်တော်တို့ က လက်ခ သုံးထောင် ယူပါတယ် …. ။ ပစ္စည်းဖိုးပေါ် မူတည်ပြီး ကျွန်တော်
တစ်ထောင် ၊ နှစ်ထောင်လောက်တော့ လျော့ပေးပါ့မယ် …. ။ ”
“အိုကေပါ
… အဲ့ဒါဆို အဆင်ပြေအောင် လုပ်ပေးပါဦး ကွာ … အကို ညနေ မှ လာယူလိုက်မယ် … ”
“ဟုတ်ကဲ့ပါ
.. ခင်ဗျ.. ဘောင်ချာလေး တစ်ချက်လောက် ယူသွားပါဦးးး …. ။ ”
………………………………………………………………………………………………………………..
G730
Customer ထွက်သွားပြီနော် …. ခပ်ငယ်ငယ် ကောင်မလေး နှစ်ယောက် ဆိုင်ထဲ ၀င်လာသည် …. ။
“Facebook
Account ဖွင့်လို့ ရလား မသိဘူးးး ”
“ဟုတ်ကဲ့
.. ရပါတယ် ခင်ဗျာ … ။ တစ်ကောင့် ကို ၂၀၀၀ ပါ ခင်ဗျာ …. ။ ”
“ဖွင့်ရင်
ဘယ်လောက် ကြာမလဲ မသိဘူးးး … ”
“သိပ်မကြာပါဘူး
ဗျာ … ခဏပါ … ”
………………………………………………………………………………………………………………………..
လက်ဖက်ရည်သောက်နေသော
… အန်တီချို က … ထပြီးးး
“ဟဲ့ … သားးး
ဒါတွေရော ရတာပဲလားးးး ”
“ရတာပေါ့
အန်တီရဲ့ … သားတို့ သင်တန်း က အဲ့ဒါတွေ အကုန် သင်ပေးတာကို …. ။ ”
“အေးးး အဲ့ဒါဆို
မင်းတို့ သင်တန်း အကြောင်းလေး နည်းနည်းလောက် ပြောပါဦးးး ….. ဒါနဲ့ … သားက သင်တန်း
ဘယ်အချိန် ကပြီးလို့ … ခုလို ဆိုင်တွေ ဘာတွေ တောင် ချက်ချင်း ဖွင့်နိုင်တာလဲ … ။ သင်တန်း ပြီးတော့ တစ်ခြား အလုပ်တွေ ဘာတွေ ၀င်လုပ်သေးလားးး
…. ။ ဒီလောက်တောင် ကျွမ်းကျင် နေပြီ ဆိုတော့ ”
“ဟုတ် ..
အန်တီ … သား သင်တန်း ပြီးတာ ရှစ်လပိုင်း ၂၂ ရက်နေ့လောက်က .. ဆိုင်ဖွင့်တာ .. ကိုးလပိုင်း
၂၅ လောက် .. .. ဒီကြားထဲမှာ သား တစ်ခြား ဘာ အလုပ်မှ ၀င်မလုပ်ဖြစ်ပါဘူးးး .. ။ ဆိုင်ဖွင့်ဖို့
အတွက်ပဲ လုံးပန်းနေရလို့ …. ”
“ဟေ … သင်တန်း
ပြီးတာနဲ့ ချက်ခြင်း တန်းပြီး ဆိုင်ဖွင့်နိုင်တယ် ဟုတ်လားးးး ….. ။ ”
“ဟုတ်တာပေါ့
… အန်တီရဲ့ …. ”
“သား သူငယ်ချင်း ဖက်တီး က လိုက်အပ်ပေးတာ … သူ က အဲ့မှာ
အရင် တက်တာလေ … အဲ့ဒါသူ ပြောတာတွေ နားထောင်ပြီး သားလည်း တက်ချင်လို့ . အဲ့မှာ သွားအပ်ဖြစ်တာ
…. ။ ”
“သား တို့
သင်တန်း မှာ Software အတွက် သင်တန်းကြေး ၂ သိန်း နဲ့ Hardware အတွက် သင်တန်းကြေး သုံးသိန်း
… နှစ်မျိုးပေါင်း ငါးသိန်း ယူတယ် …. ။ သင်တန်းကြေးအတွက် Discount တွေ ဘာတွေ တော့ ပေးမထားဘူးးး
… ။ ဒါပေမဲ့ … နယ်ကနေ နှစ်မျိုးလုံး တက်မဲ့ သူတွေ အတွက် အဆင်ပြေအောင်လို့ … အဆောင်တော့
အခမဲ့ စီစဉ်ပေးထားတယ် …. ။ ”
“မိန်းကလေး
ရော တက်လို့ ရလား သားးး ”
“ရတာပေါ့
… အန်တီ ရယ် … ။ ဘာတက်လို့ မရစရာ ရှိရမှာလဲ …. ။ သားတို့ အပတ်စဉ် တုန်းက တောင် .. အမကြီး
တစ်ယောက် ပါသေးတယ် …. ။ အဲ့အမ ကြီးဆို … အိမ်ထောင်သည် .. ကလေး တောင် ရှိသေးတယ် … ။ အဲ့ဒါ ဆိုင်ဖွင့်ချင်လို့
ဆိုပြီး လာတက်တာ ….. ။ သူလည်း ခုတောင် ဆိုင် ပြန်ဖွင့် နေပြီ ထင်တယ် … ”
“အေးးး မင်းသူငယ်ချင်း
နွေးနွေး ကို အပ်ပေးမလားလို့ ….. ။ ”
“ကောင်းတာပေါ့
… အန်တီ ရယ် ….. ။ အဲ့ဒါဆို သား သင်တန်း အကြောင်း ဆက်ပြောဦးမယ် … ။ အန်တီလည်း စဉ်းစားလို့
ရတာပေါ့ …. ။ ”
“အဓိက … က
သင်တန်းမှာ သင်တန်းသားတွေ အကုန်လုံး Software ရော ၊ Hardware ရော နှစ်ခု လုံး လက်တွေ့
ပိုင်းတွေပဲ တစ်ခါတည်း လုပ်ရင်း နဲ့ သင်ရတာပဲ …. ။ ”
“Software
ပိုင်းမှာ ဆိုလည်းးး Samsung , Sony , HTC , Huawei ဖုန်း တွေ အပြင် … အခု နောက်ပိုင်းး
တန်ဖိုးနည်း ဟန်းဆက်လေးတွေ … Coolpad တို့ ၊ Lenovo ၊ Hisense တို့ အကုန်လုံး ကို
Firmware ပြန်ရေးတာ ၊ မြန်မာဖောင့် ထည့်တာ ၊ အန်တီ့ ဖုန်း လို Network မမိတာ တွေ က
အစ အကုန် သင်ပေးတယ် … ။ ပြီးတော့ တန်ဖိုးနည်း China Clone ဖုန်း လေးတွေ ၊ Tablet လေးတွေ
ကိုလည်း Firmware ပြန်ရေးတာက အစ သင်တယ် … ။ အဓိက က Service ဆိုင်နဲ့ တွဲဖွင့်ထားတာ
ဆိုတော့ … Error တက်လို့ ဆိုင် ကို လာပြတာနဲ့ အဲ့ Error ကို ချက်ခြင်း ရှင်းပြပြီး
းချက်ခြင်း သင်တာပဲ …. ။ အန်တီ့ ဖုန်း လို Error မျိုးဆို … ။ ကျွန်တော်တို့ကို တစ်ခါတည်း
ဆရာက သင်ပေးတာလေ …. ။ အဲ့ဒါကြောင့် ကျွန်တော်လည်း လုပ်လို့ ရနေတာပေါ့ …. ။ ”
“နောက်ဆုံး
အန်တီ ရယ် …. ။ ဖုန်းမှာ Pattern , Password Lock ကျသွားတာတွေ ကို .. အထဲက Data တွေ
မပျောက်အောင် ဖြည်တဲ့ နည်းမျိုး ၊ နောက်ဆုံး မရတော့ ဘူး ဆိုရင်တော့ .. ဒေတာ တွေ ဖျက်ပစ်တဲ့
ပုံစံမျိုး ကို ADB Command တွေနဲ့ လက်တွေ့ သင်ပေးတယ် … ။ ပြီးတော့ .. Facebook
Account ဖွင့်တာတို့ …၊ Lock ဖြည်တာတို့ အပြင် … တစ်ခြား Computer နဲ့ ပတ်သတ်တဲ့ ဗဟုသုတ
လေးတွေ ကိုလည်းးး တစ်ခါတည်း ထည့်ပြီး သင်ပေးတယ် …. ။ ”
“အဓိ က က
တော့ … Software Service နဲ့ ပတ်သတ်ပြီး ဆိုင်ပြန် ဖွင့်ချင်တာပဲ ဖြစ်ဖြစ် ၊ အလုပ်
လုပ်မှာ ပဲ ဖြစ်ဖြစ် အဆင်ပြေအောင်လို့ .. တစ်ခါတည်းနဲ့ $$ တန်း ရစေနိုင်မဲ့ နည်းစနစ်
တွေကို ချက်ခြင်း သင်ပေးတယ် ဆိုပါတော့ … အန်တီ ရယ် … ။ ”
“အဆင်အပြေဆုံး
အချက်ကတော့ …. သင်တန်းသားတွေ ကို ပေးတဲ့
Data တွေ ပဲ … ။ တော်တော်လေး ကို အဆင်ပြေတယ် … ။ ကျွန်တော်လည်း ဒီမှာ အဲ့ Data လေးတွေ
ကို အမှီပြုပြီး အဆင်ပြေနေတာ … ။ Data တွေကို သပ်သပ်ရပ်ရပ်လေး စီစဉ်ပေးထားပြီးးး
Model တစ်မျိုးစီ အတွက် Folder ဖွင့်ကြည့်လိုက်တာနဲ့ ရှင်းနေအောင် …. Offical
Firmware , Custom Firmware , Root ဆိုပြီး Folder လေးတွေ လည်း သပ်သပ် စီ ခွဲပေးထားသေးတယ်
…. ။ ဒီမှာ လာကြည့်လိုက် .. အန်တီ … ။ ပိုပြီး
ရှင်းသွားအောင် …. ”
……………………………………………………………
“ဒီလို
Folder လေးတွေ ခွဲပေးထားတဲ့ အပြင်ကို ….. ။ ဖုန်း တစ်လုံး နဲ့ တစ်လုံး လုပ်ပုံ ကိုင်ပုံ
မတူတဲ့ အတွက် …. အဲ့လို မတူတာလေး တွေ ကိုလည်းးး အထဲမှာ Step by Step Text file လေးတွေကို
မြန်မာလိုလေးတွေ ရေးပြီး ထည့်ပေးထားသေးတယ် …. ။ ဒီလို ပုံစံလေး ပေါ့ ….. ။ မလုပ် တတ် ဘူး ဆိုရင်
အဲ့ ဖိုင်လေးတွေ ကို ဖွင့်ကြည့်ပြီး တစ်ဆင့်ချင်းစီ လိုက်လုပ် သွားတာနဲ့ … အကုန် အဆင်ပြေသွားတယ်
…. ။ ”
“တကယ်လို့
… အဲ့လို လုပ်လို့ မှ မရတော့ဘူး ဆိုရင် .. သား ကတော့ .. ဆရာ့ဆီ ချက်ခြင်း ဖုန်း လှမ်း
ဆက်လိုက်တာပဲ ….. ဟဲ ဟဲ …. ”
“အေးကွယ်
.. သားတို့ သင်တန်းက တော်တော် အဆင်ပြေပြေလေး စီစဉ်ပေးထားတာပဲ …. ။ ”
“ဟုတ်တယ်
အန်တီရဲ့ … အဲ့ဒါက Software ပိုင်း အတွက်ပဲ ရှိသေးတယ် … ။ ”
“Hardware
ပိုင်း အတွက် … အဓိက လက်တွေ့ က အရေးအကြီးဆုံး ဆိုတော့ … အဲ့ အတွက် ကို သေချာ လေး ပြင်ဆင်ပြီး
သင်ကြားပေးတယ် …. ။ Customer တစ်ယောက်က Touch ကွဲ ၊ LCD ကွဲ ၊ power ပျောက် လာပြီ ဆိုတာနဲ့
… ဆရာက အကုန်လုံး ကို စုပြီးးး ဖုန်းရဲ့ Error တွေ ကိုတစ်ချက်ချင်းစီရှင်းပြပြီး တစ်ခါတည်း
သင်ပေးတယ် …. ။ ”
“အဲ့ဒါ အစမှာပေါ့
… ။ နောက်ပိုင်းးး ကိုယ် လုပ်နိုင်ရင် လုပ်နိုင်သလောက် .. ဆရာက ကိုယ့်ရဲ့ လက်ရည် ကို
ကြည့်ပြီးတော့ … ဖုန်း တွေ ကို တစ်လုံး ချင်းစီ စမ်း စမ်းပြီး အပ်တယ် …. ။ နောက်ဆုံးးး
ကျွန်တော်တို့ တာဝန်ယူပြီး ပြင်ဆင်မဲ့ ဖုန်းတွေ အတွက် .. အပေါ် မှန် (Touch) , LCD တွေ
ကို … ကျွန်တော်တို့ ကိုယ်တိုင် ကိုယ်ကျ … သွား ၀ယ်ပြီး ချက်ခြင်း ပြင်ဆင်တဲ့ ပုံစံလေး
နဲ့ ထားပေးထားတော့ …. ခု ကျွန်တော် ဆိုင်ဖွင့် တဲ့ အချိန်မှာ … အရာ အားလုံး က ပုံမှန်
ထက် ပိုပြီး လွယ်ကူ သွားတယ်လေ …. ”
“Error ဖြစ်တဲ့
ဖုန်း တွေ အကုန်လုံးး ဖုန်း အနိမ့်တွေ က အစ … ခု နောက်ဆုံး ပေါ် ဖုန်း အမြင့်တွေ အထိ
ကျွန်တော်တို့ ကိုယ်တိုင် လုပ်ဖူးထားတော့ … အခု ဆိုင်ဖွင့်တဲ့ အချိန်မှာ လုံးဝ ကြောက်မနေတော့ဘူးလေ
…. Hardware Spare Parts တွေကို ကိုယ်တိုင် ကိုယ်ကျ သွားဝယ် ရတော့ …. Spare Parts ဆိုင်က
လူတွေ နဲ့လည်း တော်တော်လေး ရင်းနှီးနေပြီးးး
… ကျွန်တော် ခု ဆိုင် ပြန်ဖွင့်တဲ့ အချိန်မှာ …. သူတို့ ကို ပြောလိုက်ရုံပဲလေ
… အကုန်လုံးက တစ်ချက် ခုတ်ရင် သုံးလေး ချက်လောက် ပြတ် လောက်အောင် ကို သင်တန်း က စီမံ
ပြီး ပံ့ပိုး ပေးထားတာ ….. ။ ”
“Hardware
အတွက် … နောက်ဆုံး ပေါ် မှန်ဖြုတ်စက် တွေနဲ့ မော်ဒယ် မြင့် ဖုန်း တွေကိုလည်းး တန်ဖိုး
နည်းနည်း နဲ့ အကောင်းဆုံး ဖြစ်အောင် ၀န်ဆောင် မှု ပေးတာတွေကိုလည်း လက်တွေ့ တစ်ခါတည်း
သင်ပြပေးသေးတယ် ….. ။ ”
“ကျွန်တော်
ခု လိုမျိုး Customer တွေနဲ့ ရဲရဲဝင့်ဝင့် ဆက်ဆံ နိုင်တာကလည်းး သင်တန်း မှာ တစ်ခါတည်း
ကျွန်တော်တို့ တာဝန်ယူထားတဲ့ ဖုန်းတွေရဲ့ ပိုင်ရှင် Customer တွေ လာရင် ကျွန်တော်တို့
ကိုယ်တိုင် Complain အတွက် တာဝန်ယူပြီး ထွက် ဖြေရှင်း ပေးရတာလေ …. ”
“နောက်ဆုံး
ဖုန်း တစ်လုံး ပြုပြင်ပြီးတာနဲ့ ပိုက်ဆံ တောင်းပုံ ၊ တောင်းနည်း ၊ ဈေး သတ်မှတ် နည်းက
အစ ကျွန်တော်တို့ တဖြည်းဖြည်း ချင်း စီ ကို သင်ပေးတာ …. ”
“မင်း တို့
သင်တန်း က တကယ်ပဲ အဲ့လောက် တောင် သင်ပေးလား သားရယ် …. ”
“အော် ..
အန်တီ ကလည်းး ပြောရင် ပို ပြောတယ် ဖြစ်ဦးမယ် … ။ နောက်နေ့ နွေးနွေးပါ ခေါ်ခဲ့ … သား
သူငယ်ချင်း ဖက်တီး သား ကို အဲ့လို ပြောပြတုန်းက လည်းးး အပိုတွေ ပြောနေတယ်ပဲ ထင်ခဲ့တာ
… ။ သား ကိုယ်တိုင် လက်တွေ့ တက်ပြီးမှ တကယ် ယုံတာ ….. ။ ”
“အေးပါ သားရယ်
… ဟုတ်ပါပြီ … ဒါနဲ့ တစ်ခြား … ဘယ်လို Service တွေများ ကျန်သေးလဲ …. ”
“ဟုတ် … အန်တီ
… အဓိက သားတို့ သင်တန်းမှာက .. အရမ်း စည်းစည်းလုံးလုံး ရှိတာ … ။ မိန်းကလေး တစ်ယောက်
ထဲ ၊ နှစ်ယောက် ထဲ ပါတယ် ဆိုပြီးလည်း ပစ်မထားဘူးးး …။ နောက်ဆုံး သူတို့ မရတာ ကျွန်တော်တို့
ကိုမေးးး ၊ ကျွန်တော်တို့ မရတာလည်း သူတို့ ကို မေးရင်းနဲ့ … Hardware ပစ္စည်း သွားဝယ်တာ
က အစ … သူတို့ ကိုပါ တွဲခေါ်သွားပေးတယ်လေ ….. ။ ပြီးတော့ … ကျွန်တော်တို့ ဆရာတွေ အကုန်လုံး
အရမ်း ဖော်ရွေ ကြတယ် …. ။ ကျွန်တော်တို့ နဲ့ ပေါင်းတဲ့ ပုံစံ ဆို ဆရာ ဆိုတဲ့ ခေါင်းစဉ်
အောက်မှာပဲ ရှိတာ … ။ အကုန်လုံး ကို သူငယ်ချင်း ၊ မိတ်ဆွေ ပေါင်း ၊ ညီအစ် ကို လို ပေါင်းးး
… ပြီး အရမ်း နွေးထွေးမှု ရှိတယ် …. ။ ”
“တစ်ယောက်
နဲ့ တစ်ယောက် စ လိုက်ကြ ၊ နောက်လိုက်ကြ ၊ စာမေးကြ … ဖြေတာ မှားရင် ၀ိုင်း ဟား ကြနဲ့
…. သား သင်တန်း တက်နေတဲ့ အချိန်တုန်း က ဆိုရင် သင်တန်း ပြီးမှာတောင် ကြောက်နေတာ ….
”
“ဟုတ်ပါပြီ
သားရယ် …. ။ သား ပြောတာ နားထောင်ပြီးတာနဲ့တင် … ချက်ခြင်းး သားသူငယ်ချင်း ကို လိုက်အပ်
ပေးချင်လာပြီ … ။ သူလည်း အလကားနေ အလကားလေ …. ။ အဲ့ဒါဆို သင်တန်းချိန်လေး တွေ တစ်ချက်
ပြောပါဦး သားရဲ့ …. ။ သမီး အတွက် အချိန်လေး တစ်ချက် ချိန်ကြည့်မလို့ …. ။ ”
“ဟုတ်ကဲ့
အန်တီ … ။ ခဏလေး … အချိန်တွေက တော့ သားသိတယ် … ။ ဘယ်တော့ ဖွင့်မလဲ ဆိုတာတော့ ဆရာ့ဆီ
ဖုန်း ဆက်ကြည့်လိုက်ဦးမယ် …. ။ ”
“ ဟုတ် အန်တီ
လောလောဆယ် အပတ်စဉ် (၅) တန်းခွဲ ကတော့ စဖွင့်နေပြီ … ။ ၂ လပိုင်း လဆန်း လောက်မှာ စ ဖွင့်တာ ၊ တစ်လ ခွဲလောက်
ကြာမှာ ဆိုတော့ ၃ လပိုင်း လလယ်လောက် ပြီးမယ်တဲ့ … ။ အဲ့တော့ အပတ်စဉ်(၅) တော့ မှီမှာ
မဟုတ်တော့ဘူး …. ။ ၃ လပိုင်း လလယ်လောက် ပြီးမှာ ဆိုတော့ နောက် အပတ်စဉ် အသစ်ကလည်း သင်္ကြန်
ခံသွားတော့ သင်္ကြန်ပြီးမှ ပဲ ဖွင့် ဖြစ်မယ် တဲ့ …. … ”
“အဲ့ဒါဆို
ရင်တော့ … ရှယ်ပဲ အန်တီ ရေ … အပတ်စဉ် (၆) တက်မဲ့ သင်တန်းသား တွေ အတွက်ကတော့ .. မိုက်ပြီ
… သင်္ကြန် တွင်း ခံ နေတော့ .. လာမဲ့ ဖုန်းတွေ အကုန်လုံး က ရေစို ဖုန်း တွေ ဖြစ်မှာပဲ
… ။ သင်တန်း သားတွေ ကတော့ ပွတာပဲ … အဲ့ အပတ်စဉ် မှာ နွေးနွေးကို မှီအောင် အပ်ပေး အန်တီ
ရေ …. ပြီးလို့ ကတော့ တစ်ခါတည်း ဆိုင် တန်း ဖွင့်ရုံပဲ … ကြားထဲက ကျွန်တော် အာမခံတယ်
…. ”
“မေလ ၇ ရက်နေ့
(ကြာသပတေး နေ့ စဖွင့်မှာ …. ။ ဒါပေမဲ့
Software ပိုင်း အတွက် ကွန်ပျူတာ အခြေခံ အရေးကြီးတော့ .. သင်္ကြန် အပြီး ဧပရယ် ၂၇ ရက်နေ့လောက်မှာ
ကတည်းက ကွန်ပျူတာ အခြေခံကို စနစ်တကျနဲ့ သေချာ သင်မယ်တဲ့”
အပတ်စဉ်
(၆) ဖွင့်မဲ့နေ့ က …
မေလ (၇) ရက်နေ့
၊ ကြာသပတေးနေ့ …. ။ 5 လပိုင်း
7 ရက်နေ့
အပတ်စဉ်
(၄) အတွက် ကွန်ပျူတာ အခြေခံက …
ဧပရယ် (၂၇)
ရက်နေ့ ၊ တနလာင်္နေ့ ။ 4 လပိုင်း 27 ရက်နေ့
… ။
အချိန်တွေ
ကတော့ …. ။
“Software
ပိုင်း ဆို ”
မနက် ၁၀ နာရီ
~ နေ့လည် ၁၂ နာရီ
နေ့လည် ၁၂
နာရီ ခွဲ ~ နေ့လည် ၂ နာရီ ခွဲ
ညနေ ၃ နာရီ
ခွဲ ~ ညနေ ၅ နာရီ ခွဲ
ထိ တစ်နေ့
၂ နာရီနဲ့ သုံးချိန် ရှိတယ် …။
“Hardware ပိုင်းတွေ က ”
မနက် ၁၀ နာရီ
~ နေ့လည် ၂ နာရီ
ညနေ ၃ နာရီ
~ ည ၇ နာရီ
ထိ တစ်နေ့
၎ နာရီနဲ့ နှစ်ချိန် ရှိတယ် ….. ။
တော်တော်များများ Software , Hardware တစ်ခါတည်း
တက်ကြတာများတယ် .. အန်တီရဲ့ …. ….. ။
“သင်တန်း
ကာလ ကရော … ”
“သတ်မှတ်
ထားတာတော့ .. တစ်လခွဲပါ … ။ ဒါပေမဲ့ ကွန်ပျူတာ အခြေခံနဲ့ တစ်ခြား လိုအပ်တာတွေ … ဘာညာ
ဆိုတော့ အနည်းဆုံး နှစ်လ လောက်တော့ …. သွားတာပဲ … ။ ”
“အေးး အဲ့ဒါဆိုလည်း
အန်တီ တို့ကို လိုက်ပို့ပေးဦးလေ … သား အားတဲ့ တစ်ရက်လောက် …. ။ ”
“ဟုတ် အန်တီ
… သား သင်တန်း ကို ကြိုပြီးတော့ ဖုန်း ဆက်ထားလိုက်မယ် …. ။ သင်တန်း တက်ချင်တဲ့ သူတွေ
က နည်းနည်း များတော့ …. တစ်မျိုးစီ ကို စရဲ ငါးသောင်းနဲ့ နှစ်မျိုး အတွက် တစ်သိန်း
တော့ ကြိုပေးထားရလိမ့်မယ် …. ။ ”
“အေးပါသားရယ်
… ။ အဲ့ဒါဆိုလည်း အဲ့နေ့ တစ်ခါတည်း စရံ ပေးခဲ့တာပေါ့
…. ။ ”
“ကဲ …. စကား
ကောင်းနေတာနဲ့ … နေမွန်းတောင် တည့်တော့မယ် … … ။ အန်တီ တို့ စကားပြောတာ တော်တော် တောင်
ကြာသွားတယ် … ။ ခုချိန်ထိ မင်းသူငယ်ချင်း နိုးဦးမှာမဟုတ်ဘူးး ။ နိုးလို့ ဗိုက်ဆာတာနဲ့
အန်တီ့ ဆီ ချက်ခြင်း ဖုန်း ဆက်မှာ … ။ မနက်စာက ခု ၀ယ်လာတာလေ …. ။ အဲ့ဒါဆို ပြန်လိုက်ဦးမယ် … မောင်စည်သူ ရေ ….
”
“အန်တီ့ ကို
တစ်ရက်လောက်တော့ .. သင်တန်း လိုက်ပို့ပေးဦးနော် ….. ။ ”
“ဟုတ်ကဲ့
… ပါ .. အန်တီ … ဟုတ် ….. ။ နွေးနွေး ကိုလည်း သား ဆိုင် လွှတ်လိုက်ဦးနော်. …. ”
“အေးးး အေးး
သားးး လေးးး ”
The Last
Mobile
Service
& Training Centre
( အသေးစိတ်
အချက်အလက်များ ကို ထပ်မံ သိရှိလိုပါ .. သင်တန်းသို့ လူကိုယ်တိုင် လာရောက်ပြီး လေ့လာ
စုံစမ်း နိုင်ပါသည် ။ နယ်မှ လူများ သိလိုသမျှ ကို ပြည့်ပြည့်စုံစုံ ဖုန်းဆက် မေးမြန်း
နိုင်ပါသည် ။ )
တိုက်(၁)
၊ အခန်း (၀၀၃) ၊ ပါရမီအိမ်ရာ ၊ (၁၆)ရပ်ကွက် ၊ ရန်ကုန် - အင်းစိန် လမ်းမကြီး နှင့် ပါရမီလမ်းထောင့်
၊ (ပါရမီ မီးပွိုင့်အနီး ) ၊ လှိုင်မြို့နယ် ၊ ရန်ကုန် ။
Tel :
09-33-80-5581 , 09-33-80-5591
http://www.facebook.com/thelast2014
Min Oke
Kar (ဘီလူးကျွန်းသားလေး)
No comments:
Post a Comment