(ဘီလူးကျွန်းသားလေး) နည်းပညာ

Saturday, March 14, 2015

Android Service သမားတိုင်း သိထားသင့်တဲ့ Android နဲ့ပတ်သပ်တဲ့ အကြောင်းများ Android ကိုစတင်လေ့လာဖို့ကျိုးစာဖို့


  သူငယ်​ချင်းများ မင်္ဂလာပါ ဗျာ နည်းလမ်း​ကောင်း​လေး​တွေ
တွေ့လို့share ​ပေးလိုက်​ပါတယ်
 Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့
Bootloader, Firmware, ADB, Stock ROMs, Custom ROMs, OS Kernel,
ClockworkMod, Flashing, Rooting, Baseband စသဖြင့် စာလုံးအထူး
အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန်သွားတတ်သလို၊ တစ်လုံး စီနဲ့
သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်
အနှစ်သာရ မဲ့နေတတ်ပါတယ်။ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့
အဓိပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထား
ရပါမယ်။ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်။
တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android က
မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်။
စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ System
တစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်။



[ Bootloader ဆိုတာဘာလဲ ]

Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code
အစိတ်အပိုင်းလေးကိုခေါ်ပါတယ်။ Bootloader ထဲမှာ OS kernal ကို
စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်။ Bootloader က Internal
Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာ
တည်ရှိမှာဖြစ်ပြီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point
ပါပဲ။

[ Bootloader ဘယ်လိုအလုပ်လုပ်တာလဲ ]

Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်။
ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်။ Boot
Strap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်၊ Bootloader
အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ်။ အရင် ဆုံး BSS segment ကို
0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်။ main.c
ဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,
keypad, console တို့ကိုစတင်စေမယ်။ ပြီးရင် Linux Tags ကိုဖန်တီးပြီး Linux
Kernel image ကို Memory ကနေ ၀င်တင်မယ်။

[Botloader ရွေးချယ်မှု]

Bootloader က Phone မှာပါဝင်တဲ့ အခြားမည်သည့် software မဆိုရဲ့အဦးဆုံး
စတင်တဲ့အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့
အလွန်အရေးကြီးလှပါတယ်။ Android OS က Open Source ဖြစ်တဲ့အတွက်
ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့
ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်။ Android
ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကိုအမြဲတမ်း Locked ချထားပါတယ်။
ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကို
သူတို့ထုတ်လုပ်တဲ့ OS version နဲ့ပဲတွဲသုံးစေချင်လို့ပါ။ Bootloader ကို
Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး။ ဒါကြောင့် Custom
ROM Install လုပ်လိုရင် Bootloader ကိုအရင် Unlock လုပ်ရပါတယ်။



[ Kernel ဆိုတာဘာလဲ ]

Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ
IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်။ High Level
Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်။ ခုပြောမှာက
Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်။
Android သုံးသမျှပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်။ ဒါပေမယ့် Linux
Operation System ကသုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android
Kernel မှာ Android အတွက်သီးသန့် Build-in code တွေပါနေပါတယ်။
ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ
အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်။ Gingerbred kernel အတွက်
သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ
မဟုတ်ပါဘူး။ ဒီကစ္စကလည်း အရေးကြီးပါတယ်၊ Kernel ရဲ့ အဓိကအလုပ်က Hardware
ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ။ kernel ကိုရေးတဲ့ ကုတ်တွေလည်း
တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓိက တာဝန်ကတော့ Hardware နဲ့ Software
တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ။

Software တစ်ခုက ဘယ်လိုအလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့
အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို
ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်။ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းက
လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်။ ဖုန်း Screen
အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကို
ချိတ်ဆက်ပြီးဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့
စသဖြင့် အလုပ်မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware
ကိုတိုက်ရိုက်မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်။ အဲ့ဒီ့ အခါမှာ
Kernal က တဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်။ (ဥပမာ)
ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ်
မှာ ကလစ်တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ။
ခလုပ်ကိုနှိပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ်
ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel
ကလည်းရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware
ကိုလှမ်းပို့မယ်။ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်။ ဒီလို တစ်ခုက
Software က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ်
Hardware ကိုပြန်ပေးပါတယ်။

အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်
အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပြီး Hardware ကို
ခိုင်းစေရမှာဖြစ်ပါတယ်။ Kernel က ကြားခံပေးထားတဲ့အတွက် Application
Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို
Resquest တွေအလွယ်တစ်ကူပို့နိုင်ပြီး Kernel နဲ့ ချိတ်ဆက် အလုပ်​ကြပါတယ်






Download : (    ) MB
Solidfiles
Zippyshare
  





Min Oke Kar (ဘီလူးကျွန်းသားလေး)

No comments: